Wednesday, December 4, 2013

လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ

===============================

(1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက် ရှင်နေနိုင်ပါသေးတယ်။ အစာအိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ရာခိုင်နှုန်း၊ ကျောက်ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ် အပိုင်းတွေ မရှိရင်တောင်.. လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အသက်ရှင် နေနိုင် ပါသေးတယ် ။

(2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားကလျှာဖြစ်ပြီးအမာကျောဆုံး အရိုးကတော့ မေးရိုးပါ

(3) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့လေးပုံတစ်ပုံမျှရှိပြီး အရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်
(4) ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း 500,000 ခန့်ရှိပြီးအဲဒီချွေးဂလင်းတွေ က တစ်နေ့ကိုချွေး (1)ပိုင့် မက ထုတ်လုပ်ပါတယ်။



Tuesday, December 3, 2013

MP3 သုံး၍ သီချင်းတစ်နာရီ နားထောင်ရုံဖြင့် အကြားအာရုံပျက်စီးနိုင်

MP3 ဖြင့် တစ်နာရီ (သို့မဟုတ်) တစ်နာရီထက်ကျော်ပြီး သီချင်းနားထောင်ရုံဖြင့် ရေရှည်တွင် အကြားအာရုံပျက်စီးနိုင်ကြောင်း ဘယ်လ်ဂျီယံရှိ Ghent တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာမှုတစ်ရပ်အရ သိရသည်။

MP3 ဖြင့် သီချင်းနားထောင်ခြင်းသည် ရေရှည်တွင် အကြားအာရုံပျက်စီးစေကြောင်း၊ အချိန်တိုအတွင်း အသံပြောင်းလဲမှုကြောင့် နားထဲရှိ အမွေးအမှင်ဆဲလ်များအတွင်း လှုံ့ဆော်မှု အလွန်အကျွံဖြစ်ပေါ်ကြောင်း လေ့လာမှုတွင် ဖော်ပြခဲ့သည်။MP3 ကို နားကြပ်တပ်ပြီး အသံကျယ်ကျယ်နားထောင်ခြင်းသည် အကြားအာရုံပျက်စီးနိုင်သည်ဟု သုတေသနပညာရှင်များ၏ သတိပေးချက်ထုတ် ပြန်ခဲ့ပြီးနောက် အသက် ၁၉ နှစ်မှ ၂၈ နှစ်အကြား လူငယ် ၆၀ ကို လေ့လာခဲ့ခြင်းဖြစ်သည်။ MP3 ဖြင့် ပေါ့ပ်နှင့်ရော့ခ်ဂီတများကို တစ်နာရီခန့် နားထောင်စေပြီး အသံအတိုးအကျယ် ပြုလုပ်ကာ သီချင်းနားမထောင်မီနှင့် နားထောင်ပြီးနောက်ပိုင်း အကြားအာရုံများကို စစ်ဆေးခဲ့သည်။

သုတေသနအဖွဲ့ခေါင်းဆောင် ဟန်နာကမ်ပလာက'' လွန်ကဲတဲ့အသံ ဆူညံမှုတွေဟာ အကြားအာရုံ ဆုံးရှုံးနိုင်တယ်ဆိုတာ ကောင်းကောင်းသိလောက်ပါပြီ။ သယ်ရလွယ်တဲ့ မီဒီယာပလေယာတွေ နားထောင်ပြီးတဲ့နောက်ပိုင်း အကြားအာရုံယိုယွင်းမှုတွေ ဖြစ်လာတယ်''ဟု ပြောကြားခဲ့သည်။ ဥရောပနိုင်ငံများနှင့် အမေရိကန်မှ လူငယ် ၉၀ ရာခိုင်နှုန်းသည် MP3 ဖြင့် အမြင့်ဆုံးအသံနှုန်းဖြင့် တစ်နေ့လျှင် နာရီပေါင်းများစွာ သီချင်းနားထောင်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် ဆေးလိပ်ကြောင့် ၈ စက္ကန်တွင် တစ်ဦးသေ

စစ်တမ်းကောက်ယူမှုအရ  ၈ စက္ကန့်မှာ တစ်ဦးနှုန်း သေနေတာက အသည်း နဲ့ အရေအပြား ကင်ဆာရောဂါကြောင့် ဖြစ်ပြီး ယင်းရောဂါရဲ့  ဇစ်မြစ် က ဆေးလိပ်သောက်သုံးခြင်း ဖြစ်ပါတယ်။
ကင်ဆာရောဂါဖြစ်ပြီး သေဆုံးတဲ့ အမျိုးသား ၉၀ ရာခိုင်နှုန်း ဟာ ဆေး လိပ်ကြောင့် ဖြစ်ပြီး အနောက်တိုင်းမှာဆိုရင် အမျိုးသမီး ၄၀ ရာခိုင်နှန်း ဖြစ် ပါတယ်။ ဆေးလိပ်သောက်တဲ့ သက်တမ်း ၁၀ နှစ်မှ ၁၅ နှစ်ကြားအထိ ရှိလာပြီဆိုရင် ကင်ဆာဖြစ်ဖို့ လုံလောက်တဲ့အချိန်လို့ ဆိုပါတယ်။
ဆေးလိပ်သောက်သုံးသူ ကိုယ်တိုင်မဟုတ်ပေမယ့် ဆေးလိပ်ငွေ့ ပုံမှန်ရှူ ရှိုက်နေရတဲ့ သူများလည်း ကင်ဆာရောဂါဖြစ်နိုင်ချေ အလားအလာက ပုံမှန်သောက်သုံးသူနဲ့ ကွာခြားမှု သိပ်မရှိကြောင်းလဲ သိရပါတယ်။

ဆရာဝန်နှင့် တွေ့ဆုံချိန်တွင် သိထားသင့်သော အချက် (၇)ချက်


ဆရာဝန်နှင့် တွေ့ ဆုံချိန်တွင် သိထားသင့်သော အချက် ခုနစ်ချက်                      
  ဆေးကုသမှု ပြုလုပ်တဲ့အခါ အဆင်ပြေ အောင်မြင်စေဖို့အတွက် လူနာတွေ အနေနဲ့ သိထားသင့်တဲ့ အချက်တွေ ရှိပါ တယ်။                                                                                                                                                                     
 (၁)မြင်ခဲ့၊ကြားခဲ့သမျှ မေ့လိုက်ပါ                                                                                                                                                   “ဒီလို စမ်းသပ်လိုက်ရင် ကောင်းတယ်လို့ သူများတွေက ပြောကြတယ်၊” “ဒီစစ်ဆေးမှုကို သူများတွေ လုပ်တာ မြင်ခဲ့ တယ်”၊“ဒီဆေးသောက်ရင် ကောင်းတယ်လို့ ပြောကြလို့ ”စတဲ့ အချက်တွေကို လူနာ အများစုက ဆရာဝန်နဲ့ တွေ့ ဆုံခိုက်မှာ ပြောပြလေ့ ရှိပါတယ်။တကယ်တော့ ဆရာဝန်တွေက သင့် ကျန်းမာရေး အခြေအနေကို စမ်းသပ်ပြီး လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ကာ သင့်တော်တဲ့ ကုသမှုကို ပေးမှာ ဖြစ်ပါတယ်။ဒါကြောင့် ဆေးပညာ အကြောင်း နားလည်တတ် ကျွမ်းမှု မရှိ သူတွေ ပြောတဲ့ စကားကို မေ့ပစ်လိုက် သင့်ပါတယ်။                                                                                                           
 (၂)အမွေးရှိနေတဲ့ ခြေသလုံးအတွက်မစိုးရိမ်ပါနဲ့                                                                                                                          လူနာ အများစုဟာ ခြေသလုံးမှာ အမွေးတွေ ရှိနေတာကြောင့် ခြေသဲဝဲ စားတာ၊ခြေထောက် အနာ စတဲ့ အခြေအနေကို ဆရာဝန်နဲ့ တွေ့ ဆုံ ဆွေးနွေး ရမှာကို ရှက်ရွံ့  စိုးရိမ် လေ့ ရှိကြပါတယ်။ တကယ်တော့ ဆရာဝန်တွေက သင့် အရေပြား အနာကိုသာ အာရုံစိုက်နေမှာ ဖြစ်တာကြောင့် ခြေသလုံး အမွေးတွေ အတွက်စိုးရိမ် ပူပန်စိတ် မထားပါနဲ့ ။                                                           

သင့်ကိုယ်သင် မြှင့်တင်ပါ

ခင်ဗျားဟာ ဖုန်းအသစ်လဲရာမှာ ခြေအိတ်အသစ်လဲတာထက် အကြိမ်တွေ များချင်များမယ်။ ပြီးတော့ ကွန်ပျူတာကိုလည်း တနှစ်တခါလောက် အဆင့်မြှင့်ချင်မြှင့်မယ်။ အဝတ်ဗီရိုကိုလည်း ရာသီအလိုက် အမျိုးမျိုးပြင်မယ်။ ဒါ့အပြင် ခင်ဗျားစီးနေတဲ့ ကားကိုလည်း ပိုကောင်းမယ်ထင်တဲ့ကားနဲ့ အလိုက်ပေးပြီး ၄-၅ နှစ် တခါလောက် လဲချင်လဲလိုက်ဦးမယ်။ ဒါပေမဲ့ မေးချင်ပါတယ်။ ခင်ဗျားကိုယ် ခင်ဗျားတော့ ယိုယွင်းကျဆင်းလာနေတာတွေကို ပြန်တက်လာအောင် ဆိုပြီး ဘယ်တုန်းကများ လုပ်ခဲ့ဖူးပါသလဲ။

အဲဒီလို ကိုယ့်ကိုယ်ကိုယ် ဦးခေါင်းမှ ခြေဖျားအထိ ဒီနှစ်မှာတော့ ပိုပြီး ကျန်းမာအောင် ချမ်းသာအောင်နဲ့ ပညာဉာဏ်တွေ တက်လာအောင် လုပ်ချင်ရင်လုပ်နိုင်စေမယ့် နည်းလမ်းကလေးတွေကို ဖတ်ကြည့်ပါ။ လုပ်လည်းလုပ်ကြည့်ပါ။ 

အသက်ပိုရှည်စေဖို့---
ကမ္ဘာတဝန်းမှာ လူ့သက်တမ်းဟာ ပျမ်းမျှအားဖြင့် ၆၇-နှစ်သာ ရှိပါတယ်။ ဒါပေမဲ့ မကြာခင်မှာ အသက်တွေ ပိုပြီး ရှည်ရှည်နေနိုင်လာမယ့် အလားအလာတွေ ရှိနေပါတယ်။ အသက် ၁၅၀-ရောက်တဲ့အထိ ယိုင်ယဲ့ယဲ့နဲ့ မေ့မေ့လျော့လျော့တွေ မဖြစ်ဘဲ နေနိုင်ကြမယ့် အလားအလာတွေလည်း ရှိနေပါတယ်။ ဒါဟာ နိုးနိုးကြားကြားနဲ့ သွက်သွက်လက်လက် လှုပ်ရှားပြီး နေနိုင်ကြမှာပါ။ ဒီသဘောကို “အသက်ကြီးရင့်မှုဆိုင်ရာ အဖွဲ့ကြီး”ရဲ့ သုတေသနပညာရှင်ဖြစ်သူ ဂျော့(ခ်ျ)၊ အက်စရော့(သ်) (George S. Roth)က ပြောပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျန်းမာချမ်းသာစွာနဲ့ ပိုပြီး အသက်ရှည်ရှည်
နေသွားနိုင်စေမယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ရင်အုံဖြိုးမောက် မြင်သူကျလောက် (ယောက်ျားများအတွက်သာ)

ယောက်ျားဆိုတာ ကျားကျား လျားလျားနဲ့ ယောက်ျားပီသတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ထားမှသာ ကြည့်ကောင်းရှုကောင်းပြီး လူအမြင် တင့်တယ်စေမှာ ဖြစ်တယ်။ အခုခေတ်ကြီးမှာ မိန်းမဆန်တဲ့ ယောက်ျား တွေမြင်တွေ့လာရတာ ယောက်ျားတို့အနေနဲ့ ဂုဏ်ယူစရာ တစ်ရပ် မဟုတ်ပါဘူး။ မော်ဒယ်လုပ်မလို့ပဲဖြစ်ဖြစ်၊ ကာယလေ့ကျင့်ခန်း လုပ်ရတာ ဝါသနာပါလို့ပဲဖြစ်ဖြစ် အားကစားဆိုတာ လိုက်စားသင့်တဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ ဆရာကြီးကျောက်ဘီလူး တင်မောင်ဆွေ
တစ်ခါက ပြောဖူးတာက “ကာယ လေ့ကျင့်ခန်းတွေဟာ တခြား အားကစား နည်းတွေထက် အသက်ကြီးလာရင် လူကိုပိုအကျိုး ရှိစေတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်မှာ ထင်ကျန်နေခဲ့လို့ပဲ ဖြစ်တယ်” လို့ပြောဖူးတယ်။
ရင်အုံကြွက်သားမောက်လာအောင် လုပ်ဆောင်ခြင်း
မိန်းမတွေ ယောက်ျားတွေကို အရင်ဆုံးလေ့ကြည့်လေ့ရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းက အပေါ်ပိုင်း ခန္ဓာကိုယ် ကြွက်သားတွေကိုပဲ ဖြစ်တယ်။ ယောက်ျားတွေရဲ့ ရင်ခွင်ဟာ မိန်းမတို့ရဲ့ ခိုဝင်မှေးစက်ရာ နေရာဖြစ် သလို ဆော့ကစားရာ နေရာလည်းဖြစ်တယ်။ မိန်းမတွေရဲ့ အားကိုး ယုံကြည်မှုကို ပေးစွမ်းစေနိုင်တဲ့ နေရာလည်းဖြစ်တယ်။ ရင်အုံ ကြွက်သားတက်ဖို့ လုပ်ဆောင်နိုင်တဲ လေ့ကျင့်ခန်း သုံးမျိုးရှိတယ်။ ဝိတ်မတဲ့နည်း (Bench Press) ဒိုက်ထိုးတဲ့ ကိရိယာလွတ် လေ့ကျင့်နည်း (T-Press-up) ကြိုးဆွဲလေ့ကျင့်နည်း (Cable crossover Fly) တို့ပဲဖြစ်တယ်။

Sunday, December 1, 2013

နုပျိုလိုသူတိုင်း ရှောင်သင့်သော အစားအသောက် သုံးမျိုး

နုပျိုလိုသူတိုင်း ရှောင်သင့်သော အစားအသောက် သုံးမျိုးနှစ်အတော်ကြာ မတွေ့ဖြစ်တဲ့ သူငယ်ချင်း တွေနဲ့ ပြန်ဆုံတဲ့ အခါ " အရင်အတိုင်း နုတယ်နော် " လို့ အပြောခံချင် ပါသလား။ ဒီလို နုပျိုတယ် ဆိုရင် နေ့စဉ် သင်စားတဲ့ အစားအသောက် တွေကို ဆန်းစစ်ကြည့်ပါ။ သင်စားတဲ့ အစားအသောက်တွေမှာ ပါတဲ့ အာဟာရ ဓာတ်တွေက သင့်အသားအရေကို ကြည့်ကောင်း စေသလို သင်စားတဲ့ အစားအသောက်တွေက ကျန်းမာရေးနဲ့ မညီညွတ်ရင် သင့်အသားရေ ကို အိုမင်းစေ ပါတယ်။ သင့်အသားအရေ အတွက် အဓိက ရှောင်ရှား သင့်တဲ့ အစားအသောက်တွေကို ဖော်ပြလိုက် ပါတယ်။
(၁) သကြား
သကြားနဲ့ အခွံချွတ်ထားတဲ့ ကာဗိုဟိုက်ဒရိတ် စာတွေက သွေးတွင်းဂလူးကို့စ်အဆင့်ကို မြင့်တက် စေပါတယ်။ အဲဒီအခါ အသားအရေ တင်းရင်းစေတဲ့ ကော်လာဂျင်နဲ့ အသားအရေ ဆွဲဆန့်မှုကောင်းစေ တဲ့ အီလက်စတင်တို့ကို ပြန်လည်ပြုပြင်နိုင်စွမ်း လျော့ကျသွားပါတော့တယ်။ ဒါကြောင့် သကြားများ များစားရင် အရေပြားလျော့တွဲအိုမင်းလွယ်စေတာ ဖြစ်ပါတယ်။
(၂) ပြည့်ဝဆီ
ပြည့်ဝဆီတွေကို များများစားတာကြောင့် အရေ ပြားကို ရောင်ရမ်းစေပြီး အိုမင်းလွယ်စေပါတယ်။ အဆီများတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ပြီး အဆီထုတ်ထားတဲ့ အမျိုးအစားကို ရွေးချယ်သောက် သုံးသင့်ပါတယ်။
(၃) အယ်လ်ကိုဟော
ရက်စ်ဗာရထရောဓာတ် ပါတဲ့ ဝိုင်နီက လွဲရင် တခြားအယ်လ်ကိုဟော တွေက အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက အသား အရေကို ခြောက်သွေ့စေပြီး အရေပြားရဲ့ ရန်သူဖြစ် တဲ့ ဖရီးရယ်ဒီကယ် ထွက်ရှိစေပါတယ်။ ဒါကြောင့် အသားအရေ အမို င်း လယွေ် စတာပါ။