ကမ္ဘာပေါ်မှာ လူသားတွေ ဆေးလိပ် သောက်သုံး လာခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ဆေးလိပ်က ပေးတဲ့ ဆိုးကျိုး အန္တရာယ်များ အကြောင်းကို သိရှိ လာခဲ့ကြတာ ကတော့ နှစ်ကာလ အားဖြင့် သိပ်ပြီး မကြာလှ သေးပါဘူး။ ဆေးလိပ် သောက်ခြင်းဟာ တစ်ခဏတာ ကာလ အတွင်းမှာတော့ အာရုံကြောများ ပြေလျော့ကာ စိတ်ကို ကြည်လင် လန်းဆန်းသယောင် ထင်ရတဲ့ အတွက် လူသားတွေက (လူသား အားလုံး မဟုတ်ပါ) စွဲလမ်း နှစ်ခြိုက်စွာ သောက်သုံး နေကြတာ ဖြစ်ပါတယ်။
ဆေးလိပ်များကို ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံနှင့် စီးကရက် စသည်ဖြင့် ခွဲခြား နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်ဆေးလိပ် အမျိုးအစားပဲ ဖြစ်ဖြစ် ဆေးရွက်ကြီးကို အဓိက အခြေခံပြီး ပြုလုပ် ကြရတာဖြစ်ပါတယ်။ ၎င်းတို့ကို သောက်ရှူမယ် ဆိုရင် အခိုးအငွေ့ တွေဟာ ပါးစပ်က တစ်ဆင့် အဆုတ် အတွင်းသို့ ရောက်ရှိပြီး ကျန်းမာရေး ဆိုင်ရာ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။ ဆိုးကျိုး ဖြစ်စေတဲ့ အဓိက အချက်ကတော့ နီကိုတင်းလို့ ခေါ်တဲ့ အလွန် စွဲလမ်းစေပြီး အလွန်လည်း အန္တရာယ် များတဲ့ ဓာတ်ပစ္စည်း တစ်မျိုးကြောင့် ဖြစ်ပါတယ်။ ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ ဆေးလိပ်ငွေ့ ထဲမှာ လူသားတွေရဲ့ ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်း အမျိုးပေါင်း မြောက်မြားစွာ ပါဝင်တယ်လို့ သုတေသီ တွေက ဆိုထားပါတယ်။
ဆေးလိပ်တစ်လိပ် သောက်လျှင် ငါးမိနစ် အသက် တိုစေပါတယ်။ ဆေးလိပ်စသောက်သည့် အရွယ်စောလျှင် အသက်ကို ပို၍ တိုစေပါတယ်။ ဆေး လိပ်သောက်သော သူသည် အိပ်၍ မရခြင်း၊ စိတ်ဓာတ်ကျ လွယ်ခြင်းများ ပိုမိုဖြစ်ပွား စေနိုင်ပါတယ်။ ကလေးများတွင် စာသင်ကြားမှုကို ထိခိုက် စေနိုင်ပါတယ်။ ဆေးလိပ် သောက်သူများဟာ ခန္ဓာကိုယ် အလေးချိန်ကို လျော့စေပါတယ်။ အားကစားကိုလည်း ထိခိုက် စေနိုင်ပါတယ်။
ဆေးလိပ် သောက်ခြင်းကြောင့် မျက်စိကွယ်
ရောဂါ၊ ခံတွင်း ကင်ဆာရောဂါ၊ နှလုံး သွေးကြောနှင့် အခြား သွေးကြော ကျဉ်းသည့်
ရောဂါ၊ လေဖြတ် သည့် ရောဂါနှင့် နှလုံး ရုတ်တရက် ရပ်သည့် ရောဂါ၊ အဆုတ်
ကင်ဆာ ရောဂါနှင့် ရင်ကျပ်ပန်းနာ ရောဂါများ၊ အဆုတ်ပွ ရောဂါ၊ အစာအိမ် ရောဂါ၊
ဆီးအိမ်၊ ကျောက်ကပ်၊ ပန်ကရိယ ကင်ဆာ ရောဂါများကို ပိုမို ဖြစ်ပွား
စေတတ်ကြောင်း ပညာရှင် များမှ ဆိုထားပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဆေးလိပ်
သောက်ခြင်းကြောင့် ကိုယ်ဝန် ပျက်ကျတတ်ခြင်း၊ လမစေ့ဘဲ မွေးဖွားတတ်ခြင်း၊
ပေါင်မပြည့်သည့် ကလေးများ မွေးဖွားတတ်ခြင်း၊ ကလေးအသေ မွေးတတ်ခြင်း စတာတွေ
ဖြစ်ပွား စေနိုင်ပါတယ်။ အမျိုးသားတွေ အနေနဲ့လည်း ဆေးလိပ် သောက်ပါက သားသမီး
မရနိုင်ခြင်း၊ အိမ်ထောင်ရေး သုခ အပြည့်အဝ မခံစားရခြင်း စတာတွေ
ဖြစ်စေနိုင်ပါတယ်။
မိမိကိုယ်တိုင် ဆေးလိပ် မသောက်သော်လည်း
ဆေးလိပ် သောက်နေသူ အနားမှာ နေလျှင် ၎င်းရဲ့ ဆေးလိပ် မီးခိုးအငွေ့ကို ရှူမိတဲ့
အတွက် နှလုံးရောဂါနှင့် အဆုတ် ရောဂါများ သာမန်လူထက် ပိုဖြစ်စေ နိုင်ပါတယ်။
ဘယ်သူမဆို ဆေးလိပ် သောက်ပါက လက်ငင်း
ကြုံတွေ့ရမှာ တွေကတော့ ဆေးလိပ်ဝယ်ရန် အတွက် ငွေကြေး ကုန်ကျခြင်း၊ ဆေးလိပ်
မီးပွားကြောင့် အဝတ် အထည်များ မီးပေါက်ခြင်း၊ ဆေးလိပ် မီးပွားကြောင့်
မတော်တဆ မီးလောင်မှု ဖြစ်ပွားပြီး အသက်၊ အိုးအိမ်၊ စည်းစိမ်များ ပျက်စီး
ဆုံးရှုံးရခြင်း စတဲ့ မလိုလား အပ်တဲ့ ဆိုးကျိုးတွေကို ရင်ဆိုင် ကြရပြီး
နောက်ပိုင်းမှာတော့ ဆေးလိပ် သောက်ခြင်းကြောင့် ရလာသော ရောဂါများကို ကုသ
ရသဖြင့် ဆေးဖိုးဝါးခ ကုန်ကျရခြင်း၊ အသက် ဆုံးရှုံးရခြင်း စသည်ဖြင့်
နောက်ဆက်တွဲ ဆိုးကျိုး များစွာကို ရင်ဆိုင် ခံစားကြရမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ဆေးလိပ်ရဲ့
ဆိုးကျိုးတွေကို သတိပြုမိ လာခဲ့ကြတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံများမှ
အစိုးရများ အနေနဲ့ ဆေးလိပ် တိုက်ဖျက်ရေး လုပ်ငန်းတွေကို
အားသွန်ခွန်စိုက် ဆောင်ရွက် ခဲ့ကြတဲ့
အတွက် အဆိုပါ နိုင်ငံတွေမှာ ဆေးလိပ် သောက်သုံးမှုတွေ သိသိသာသာ ကျဆင်း
လာခဲ့ပါတယ်။ ဆေးလိပ် ကြော်ငြာတွေကို ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ
စတဲ့လူထု ဆက်သွယ်ရေး လမ်းကြောင်းတွေက တစ်ဆင့် လွတ်လပ်စွာ ကြော်ငြာခွင့်
မပြုခြင်း၊ စာသင်ကျောင်းနှင့် ငါးမိုင် အကွာအဝေး အတွင်း ဆေးလိပ်
ကြော်ငြာများ ခွင့်မပြုခြင်း စတာတွေဟာ


==========================