Wednesday, December 25, 2013

ဆေးလိပ် ဖြတ်ကြပါစို့



ကမ္ဘာပေါ်မှာ လူသားတွေ ဆေးလိပ် သောက်သုံး လာခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ဆေးလိပ်က ပေးတဲ့ ဆိုးကျိုး အန္တရာယ်များ အကြောင်းကို သိရှိ လာခဲ့ကြတာ ကတော့ နှစ်ကာလ အားဖြင့် သိပ်ပြီး မကြာလှ သေးပါဘူး။ ဆေးလိပ် သောက်ခြင်းဟာ တစ်ခဏတာ ကာလ အတွင်းမှာတော့ အာရုံကြောများ ပြေလျော့ကာ စိတ်ကို ကြည်လင် လန်းဆန်းသယောင် ထင်ရတဲ့ အတွက် လူသားတွေက (လူသား အားလုံး မဟုတ်ပါ) စွဲလမ်း နှစ်ခြိုက်စွာ သောက်သုံး နေကြတာ ဖြစ်ပါတယ်။

ဆေးလိပ်များကို ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံနှင့် စီးကရက် စသည်ဖြင့် ခွဲခြား နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်ဆေးလိပ် အမျိုးအစားပဲ ဖြစ်ဖြစ် ဆေးရွက်ကြီးကို အဓိက အခြေခံပြီး ပြုလုပ် ကြရတာဖြစ်ပါတယ်။ ၎င်းတို့ကို သောက်ရှူမယ် ဆိုရင် အခိုးအငွေ့ တွေဟာ ပါးစပ်က တစ်ဆင့် အဆုတ် အတွင်းသို့ ရောက်ရှိပြီး ကျန်းမာရေး ဆိုင်ရာ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။ ဆိုးကျိုး ဖြစ်စေတဲ့ အဓိက အချက်ကတော့ နီကိုတင်းလို့ ခေါ်တဲ့ အလွန် စွဲလမ်းစေပြီး အလွန်လည်း အန္တရာယ် များတဲ့ ဓာတ်ပစ္စည်း တစ်မျိုးကြောင့် ဖြစ်ပါတယ်။ ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ ဆေးလိပ်ငွေ့ ထဲမှာ လူသားတွေရဲ့ ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်း အမျိုးပေါင်း မြောက်မြားစွာ ပါဝင်တယ်လို့ သုတေသီ တွေက ဆိုထားပါတယ်။

ဆေးလိပ်တစ်လိပ် သောက်လျှင် ငါးမိနစ် အသက် တိုစေပါတယ်။ ဆေးလိပ်စသောက်သည့် အရွယ်စောလျှင် အသက်ကို ပို၍ တိုစေပါတယ်။ ဆေး လိပ်သောက်သော သူသည် အိပ်၍ မရခြင်း၊ စိတ်ဓာတ်ကျ လွယ်ခြင်းများ ပိုမိုဖြစ်ပွား စေနိုင်ပါတယ်။ ကလေးများတွင် စာသင်ကြားမှုကို ထိခိုက် စေနိုင်ပါတယ်။ ဆေးလိပ် သောက်သူများဟာ ခန္ဓာကိုယ် အလေးချိန်ကို လျော့စေပါတယ်။ အားကစားကိုလည်း ထိခိုက်
စေနိုင်ပါတယ်။

ဆေးလိပ် သောက်ခြင်းကြောင့် မျက်စိကွယ် ရောဂါ၊ ခံတွင်း ကင်ဆာရောဂါ၊ နှလုံး သွေးကြောနှင့် အခြား သွေးကြော ကျဉ်းသည့် ရောဂါ၊ လေဖြတ် သည့် ရောဂါနှင့် နှလုံး ရုတ်တရက် ရပ်သည့် ရောဂါ၊ အဆုတ် ကင်ဆာ ရောဂါနှင့် ရင်ကျပ်ပန်းနာ ရောဂါများ၊ အဆုတ်ပွ ရောဂါ၊ အစာအိမ် ရောဂါ၊ ဆီးအိမ်၊ ကျောက်ကပ်၊ ပန်ကရိယ ကင်ဆာ ရောဂါများကို ပိုမို ဖြစ်ပွား စေတတ်ကြောင်း ပညာရှင် များမှ ဆိုထားပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဆေးလိပ် သောက်ခြင်းကြောင့် ကိုယ်ဝန် ပျက်ကျတတ်ခြင်း၊ လမစေ့ဘဲ မွေးဖွားတတ်ခြင်း၊ ပေါင်မပြည့်သည့် ကလေးများ မွေးဖွားတတ်ခြင်း၊ ကလေးအသေ မွေးတတ်ခြင်း စတာတွေ ဖြစ်ပွား စေနိုင်ပါတယ်။ အမျိုးသားတွေ အနေနဲ့လည်း ဆေးလိပ် သောက်ပါက သားသမီး မရနိုင်ခြင်း၊ အိမ်ထောင်ရေး သုခ အပြည့်အဝ မခံစားရခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။
မိမိကိုယ်တိုင် ဆေးလိပ် မသောက်သော်လည်း ဆေးလိပ် သောက်နေသူ အနားမှာ နေလျှင် ၎င်းရဲ့ ဆေးလိပ် မီးခိုးအငွေ့ကို ရှူမိတဲ့ အတွက် နှလုံးရောဂါနှင့် အဆုတ် ရောဂါများ သာမန်လူထက် ပိုဖြစ်စေ နိုင်ပါတယ်။
ဘယ်သူမဆို ဆေးလိပ် သောက်ပါက လက်ငင်း ကြုံတွေ့ရမှာ တွေကတော့ ဆေးလိပ်ဝယ်ရန် အတွက် ငွေကြေး ကုန်ကျခြင်း၊ ဆေးလိပ် မီးပွားကြောင့် အဝတ် အထည်များ မီးပေါက်ခြင်း၊ ဆေးလိပ် မီးပွားကြောင့် မတော်တဆ မီးလောင်မှု ဖြစ်ပွားပြီး အသက်၊ အိုးအိမ်၊ စည်းစိမ်များ ပျက်စီး ဆုံးရှုံးရခြင်း စတဲ့ မလိုလား အပ်တဲ့ ဆိုးကျိုးတွေကို ရင်ဆိုင် ကြရပြီး နောက်ပိုင်းမှာတော့ ဆေးလိပ် သောက်ခြင်းကြောင့် ရလာသော ရောဂါများကို ကုသ ရသဖြင့် ဆေးဖိုးဝါးခ ကုန်ကျရခြင်း၊ အသက် ဆုံးရှုံးရခြင်း စသည်ဖြင့် နောက်ဆက်တွဲ ဆိုးကျိုး များစွာကို ရင်ဆိုင် ခံစားကြရမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကို သတိပြုမိ လာခဲ့ကြတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံများမှ အစိုးရများ အနေနဲ့ ဆေးလိပ် တိုက်ဖျက်ရေး လုပ်ငန်းတွေကို
အားသွန်ခွန်စိုက် ဆောင်ရွက် ခဲ့ကြတဲ့ အတွက် အဆိုပါ နိုင်ငံတွေမှာ ဆေးလိပ် သောက်သုံးမှုတွေ သိသိသာသာ ကျဆင်း လာခဲ့ပါတယ်။ ဆေးလိပ် ကြော်ငြာတွေကို ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ စတဲ့လူထု ဆက်သွယ်ရေး လမ်းကြောင်းတွေက တစ်ဆင့် လွတ်လပ်စွာ ကြော်ငြာခွင့် မပြုခြင်း၊ စာသင်ကျောင်းနှင့် ငါးမိုင် အကွာအဝေး အတွင်း ဆေးလိပ် ကြော်ငြာများ ခွင့်မပြုခြင်း စတာတွေဟာ

Friday, December 13, 2013

အသားပိုအတွက် စိတ်မညစ်နဲ့ 

*Health Knowledge of the Day*
*** အသားပိုအတွက် စိတ်မညစ်နဲ့  ***

အရေပြားပေါ်မှာ သေးငယ်ပျော့အိသော အသားဖုကလေးတွဲရွဲကျနေခြင်းကို “အသားပို” လို့ ခေါ်ပြီး၊ အလုံးပုံစံ(သို့ မဟုတ်) ပုံသဏ္ဍာန်မမှန်သော အသားစိုင်လေးသဖွယ်တွေ့ ရတတ်ပါတယ်။ အသားစိုင်ဆိုသည့်အတိုင်း အာရုံခံဆဲလ်၊ အဆီဆဲလ်၊ သွေး ပြွန်များနဲ့  ဖွဲ့ စည်းကာ အပေါ်ယံအရေပြားဖုံးအုပ်ထားတာကြောင့် ပုံမှန်အသားအရေကဲ့သို့ ပင် လက်ဖြင့်ဆွဲဆိတ်ကြည့် ရင်တောင် နာကျင်စွာခံစားရပါတယ်။ယေဘုယျအားဖြင့် အသက် ၇၀ ၀န်းကျင်လောက်မှာ ကျား/မ မရွေးအသားပိုထွက်လာလေ့ရှိပြီး၊ တခါတရံ အသက် ၄၀ ကျော် လောက်တည်းက ထွက်လာသူများလည်းရှိပါတယ်။ အသားပိုထွက်လေ့ရှိသောနေရာများမှာ မျက်ခွံ၊ ဂျိုင်းကြား၊ ရင်သားအောက် ပိုင်း၊ ပေါင်ခြံ၊ ရင်ခေါင်းပိုင်း နှင့် လည်ပင်းတို့ ဖြစ်ကြ၏။ ဖော်ပြပါ အသက်အရွယ်ကြောင့်မဟုတ်ဘဲ ကျမ္မာရေးပြသနာတစ်ခုခု၏ ဘေးထွက်ဆိုးကျိုးများကြောင့်လည်း အသားပိုထွက်လာနိုင်ပါတယ်။ ထိုသူများကတော့ အ၀လွန်သူများ၊ ကိုယ်ဝန်ဆောင်မိခင် လောင်းများ၊ ဆီးချိုဝေဒနာသည်များ၊ human papilloma virus(ခေါ်)HPV ကူးစက်ရောဂါရှိသူများ၊ ဟိုမုန်းအားတိုးဆေးမှီဝဲ သူများ… စသည်တို့ ဖြစ်ကြသည်။အိမ်တွင်းသဘာဝကုထုံးဖြင့် အသားပိုဖယ်ရှားနည်း။အရေပြားကျွမ်းကျင်သူများ၏ အဆိုအမိန့် အရ၊ အသားပိုထွက်ရုံလောက်က ဘာပြသနာမှမဖြစ်နိုင်လို့ စိုးရိမ်ထိတ်လန့် ဖွယ် မလိုပါ။ သို့ သော် အသားစိုင်ကလေးကိုဆောင့်မိတိုက်မိ၍ မကြာခဏရောင်ရမ်းခြင်း(သို့ မဟုတ်)အသားစပဲ့ထွက်ခြင်း(သို့ မ ဟုတ်) မကြာခဏသွေးယိုစီးကျလာခဲ့ရင်ဖြင့် ၄င်းကိုဖယ်ရှားလိုက်တာ အကောင်းဆုံးပါဘဲတဲ့။ အသားပိုကို duct tape (ခေါ်) အသားကပ်တိပ်ပြားဖြင့် ကပ်၍ဖြတ်ထုတ်ခြင်းက အခန့် မသင့်ရင်သွေးထွက်နာကျင်စသေလို၊ compressed air (ခေါ်) အသား စိုင်ကိုအေးခဲစေပြီး တစ်ရှုးများသေသွားအာင်လေစုပ်နည်းကလည်း နည်းမှန်စွာမလုပ်တတ်ရင် နာကျင်ရောင်ကိုင်းလာစေလို့ ၊ အောက်ပါ အိမ်တွင်းကုထုံးလေးများဖြင့် စမ်းသပ်ကြည့်စေလိုပါတယ်။(၁) လ္ဘက်စိမ်းဆီဟာ အရေပြားရောဂါများအတွက်မရှိမဖြစ်လိုအပ်သလို၊ အသားပိုအတွက်လည်း အကောင်းဆုံးအိမ်တွင်းသ မားတော်လေးပါ။ ဦးစွာအသားပိုကို သန့် စင်ဆေးကြောပါ။ ဂွမ်းစကို ရေဆေး၍စင်အောင်ရေညှစ်ထုတ်ပြီး၊ လ္ဘက်စိမ်းဆီ ၃-စက် လောက်အစက်ချ၍ အရေပြားနဲ့ ထိကပ်နေသောအသားပိုအောက်ခြေကို ပြုတ်ထွက်လုမတတ် စက်ဝိုင်းပုံသဏ္ဍာန်ပွတ်လိမ်းပေး ပါ။ တနေ့  ၂-ကြိမ်ကျ လိမ်းပေးရုံမျှဖြင့် ရက်သတ္တ ၄-ပိတ်ခန့်အကြာမှာ အသားစိုင်တဖြည်းဖြည်းပျောက်ကွယ်သွားပါလိမ့်မယ်။(၂) သံပုရာရည်ထဲမှာ အသားပိုထဲရှိဆဲလ်များကို ပြိုကွဲစေတဲ့အစွမ်းသတ္တိပါရှိပါတယ်။ ဂွမ်းလုံးလေးကိုသံပုရာရည်ထဲနှစ်စိမ်ပြီး၊ အသားပိုပေါ်လိမ်းပါ၊ သံပုရာရည်ခြောက်သွားတိုင်း မကြာခဏ ထပ်လိမ်းပေးပါ။ များမကြာမီကာလအတွင်း အသားပိုခြောက်ပြီး သူ့ အလိုလိုကြွေကျသွားပါလိမ့်မယ်။(၃) ဌက်ပျောခွံကို အသားပိုဖုံးအုပ်နိုင်လောက်တဲ့ အရွယ်အစားထိရအောင်လိုသလို လှီးဖြတ်ပါ။ ပြီးရင် ဌက်ပျောခွံအတွင်းပိုင်းနဲ့  အသားပိုတစ်ခုလုံးကို တညဖုံးအုပ်၍အိပ်ပါ။ အသားပိုအရွယ်အစား အကြီးသေးပေါ်မူတည်ကာ ရက်အနည်းငယ်ခန့် အကြာ သူ့ အလိုလိုကြွေကျသွားပါလိမ့်မယ်။(၄) သွားကြားသန့် ရှင်းရန်သုံးသည့်ချည်မျှင်ကို အရေပြားနဲ့ ကပ်နေသောအသားပိုအောက်ခြေမှ တင်းနိုင်သမျှတင်းကြပ်နေ အောင် ၂၄-နာရီစည်းနှောင်၍သွေးမလျှောက်အောင် အသားပိုကိုသတ်တဲ့နည်းကလည်း အသုံးဝင်လှပါတယ်။ ထိုသို့ စည်းနှောင် ထားစဉ် ၂-ပတ်ခန့် အကြာမှာ အသားပိုအရွယ်အစားကျုံ့ သေးသွားပြီး၊ ၃-ပတ်လောက်အကြာမှာတော့ အသားပိုခြောက်သွားပါ တယ်။ ထိုအခါ ညှပ်ထုတ်ခြင်း (သို့ မဟုတ်) သူ့ အလိုလိုကြွေကျသွားပါလိမ့်မယ်။(၅) ကြက်ဆူဆီကို ဆော်ဒါမှုန့် ဖြင့် ပျစ်နေအောင်ရောနယ်ပြီး၊ အသားပိုပေါ်လိမ်းကျံ၍ ပိတ်တီးစည်းပြီးအိပ်ပါ။ နံက်ရောက်တဲ့ အခါ ပတ်တီးဖြေ၍ရေနွေးဖြင့်သန့် စင်ပါ။ အသားပိုကြွေမကျမချင်းညအိပ်ယာဝင်ခါနီးတိုင်း ၁-ပတ်(သို့ မဟုတ်)၁၀-ရက်ခန့် ကြာ အောင် လိမ်းအိပ်ပါ။(၆) ပန်းသီးဖြင့်လုပ်ထားတဲ့ရှာလကာရည်က အရေပြားပေါ်ရှိ ၀က်ခြံနှင့် ပိုးမွှားကိုက်ခဲခြင်းတို့ အတွက် အသုံးတည့်ရုံမျှမက၊ အ သားပို ဖယ်ရှားရန်အတွက်လည်းအသုံးဝင်ပါတယ်။ ဦးစွာအသားပို ကိုဆပ်ပြည်ရည်ဖြင့်သန့် စင်အောင်ဆေးကြော၍ ရေခြောက် အောင်သုတ်ပြီးနောက်၊ ဂွမ်းလုံးလေးကိုပန်းသီးရှာလကာရည်မှာနှစ်စိမ်ပြီး ဂွမ်းလုံးလေးကိုစက်ဝိုင်းပုံသဏ္ဌာန်လှိမ့်၍ အသားပိုမှာ ပွတ်လိမ်းပေးပါ။တလခန့် အကြာ အသားပိုကြွေကျသွားပါလိမ့်မယ်။(၇) ကြက်သွန်နီကိုအတုံးတုံးပြီး၊ ဆားရည်ခွက်ထဲမှာတနေကုန်စိမ်ထားပါ။ ညအိပ်ခါနီး ထိုကြက်သွန်နီဆားရောသတ္တုရည်ကို အသားပိုပေါ်လိမ်း၊ ပတ်တီးစည်းပေးပြီး နံက်ရောက်တဲ့အခါ ရေနွေးဖြင့် သန့့်စင်ပါ။ ထိုနည်းအတိုင်း ညစဉ်ရက်ဆက် ရက်သတ္တ ၁-ပတ်မျှ လုပ်ပေးပါ။(၈) တစ်နေ့  ၂ကြိမ်/၃ကြိမ်ကျ နာနတ်သီးသတ္တုရည်ဖြင့်အသားပိုကို လိမ်းပေးပြီးနောက် ရေလုံးဝမဆေးပါနှင့်။ တစ်ပတ် (သို့ မ ဟုတ်) ဆယ်ရက်ခန့် အကြာမှာတော့ အသားပိုကြွေကျသွားပါလိမ့်မယ်။(၉) ကြက်သွန်ဖြူထောင်းချေပြီးနောက် ရရှိလာသောသတ္တုရည်နှင့်အနှစ်တို့ ကို အသားပိုပေါ်သုတ်လိမ်းပြီး ပတ်တီးစည်းနှောင် ထားပါ။ ထိုကဲ့သို့ တစ်နေ့  ၃-ကြိမ်မှန်မှန်လိမ်း၍ ပတ်တီးအသစ်လဲလှယ်ပေးပါ။(၁၀) ရှားစောင်းလက်ပပ်က အရေပြားရောဂါအမျိုးမျိုးအတွက် လွန်စွာအသုံးတဲ့လို့ ရှားစောင်းလက်ပပ်ဂျယ်လီကို အသားပိုပေါ် နေ့ စဉ်နေ့ တိုင်းလိမ်းပေးပါ။(၁၁) အသားပိုတစ်ခုလုံးဖုံးအုပ်သွားအောင် လက်သည်းဆိုးဆေးဖြင့်ဆိုးပေးပါ။ လက်သည်းဆိုးဆေးခြောက်သွားတဲ့အခါ ထပ်၍ ဆိုးပေးပါ။ ဤနည်းအတိုင်း တနေ့ ကို ၃-ကြိမ်ဆိုးပေးခြင်းဖြင့် ရက်အနည်းငယ်အကြာမှာ အသားပိုလုံးကြီးရာမှသေး/သေးရာမှ ချပ်သွားစေပါတယ်။(၁၂) ဗီတာမင်အီး အိမ်သုံးဆေးဝါးကလည်း အသုံးတည့်လှပါတယ်။ ဗီတာမင်အီးကို ကြက်သွန်ဖြူ/ကြက်သွန်မြိတ်တို့ ဖြင့် ရော ထောင်းပြီး တညလုံးလုံး အသားပိုပေါ်ကပ်၍အိပ်ပါ။ ဤကဲ့သို့ ညစဉ်ကပ်အိပ်ပြီး ၂-ပတ်ခန့် အကြာမှာတော့ အသားပိုက သူ့ အ လိုလို ပျောက်သွားပါလိမ့်မယ်။(၁၃) ဂျင်းကိုခပ်ပါးပါး အပြားလေးလှီးပြီး၊ ပွတ်တိုက်ပေးခြင်းဖြင့် ရက်သတ္တတ် ၂-ပတ်အကြာ အသားပိုကြွေကျသွားပါလိမ့်မယ်။+++++++++++++++++++++++++++++++++အကယ်၍ အထက်ပါအိမ်တွင်းကုထုံးအသုံးပြုနေစဉ်ကာလအတွင်း အသားစိုင်သေးမသွားဘဲ၊ ပိုကြီးလာခြင်း၊ အရောင်ပြောင်း၍ လွန်စွာနာကျင်ကိုက်ခဲခြင်း၊ မျက်ခွံပေါ်တွင် အသားပိုလုံးများပိုမိုပွားများလာခြင်းရှိခဲ့ပါလျှင် အချိန်မဆွဲပါနှင့်။ အရေပြားဆရာဝန် ဖြင့် အမြန်ဆုံးဆေးဝါးကုသမှုခံယူသင့်ပါတယ်။

(ပေါက်ပေါက်….မျှဝေသည်)
(ကိုးကား။ Skin Tag Removal Network by Cooper Rainford on 7th July 2013)

Promise Pauk

25-09-2013 နေ့ ထုတ်ပြည်ထောင်စုသတင်းစာ မှာဖော်ပြခံရတဲ့ဆောင်းပါးလေးပါ။
FB မိတ်ဆွေများ ကျမ္မာသုတရစေဖို့ မျှဝေလိုက်ရပါတယ်ရှင်။
(စေတနာများစွာဖြင့်...ပေါက်ပေါက်)
+++++++++++++++++++++++
Wednesday, September 25, 2013

အရေပြားပေါ်မှာ သေးငယ်ပျော့အိသော အသားဖုကလေးတွဲရွဲကျနေခြင်းကို “အသားပို” လို့ ခေါ်ပြီး၊ အလုံးပုံစံ(သို့ မဟုတ်) ပုံသဏ္ဍာန်မမှန်သော အသားစိုင်လေးသဖွယ်တွေ့ ရတတ်ပါတယ်။ အသားစိုင်ဆိုသည့်အတိုင်း အာရုံခံဆဲလ်၊ အဆီဆဲလ်၊ သွေး ပြွန်များနဲ့  ဖွဲ့ စည်းကာ အပေါ်ယံအရေပြားဖုံးအုပ်ထားတာကြောင့် ပုံမှန်အသားအရေကဲ့သို့ ပင် လက်ဖြင့်ဆွဲဆိတ်ကြည့် ရင်တောင် နာကျင်စွာခံစားရပါတယ်။ယေဘုယျအားဖြင့် အသက် ၇၀ ၀န်းကျင်လောက်မှာ ကျား/မ မရွေးအသားပိုထွက်လာလေ့ရှိပြီး၊ တခါတရံ အသက် ၄၀ ကျော် လောက်တည်းက ထွက်လာသူများလည်းရှိပါတယ်။

အသားပိုထွက်လေ့ရှိသောနေရာများမှာ မျက်ခွံ၊ ဂျိုင်းကြား၊ ရင်သားအောက် ပိုင်း၊ ပေါင်ခြံ၊ ရင်ခေါင်းပိုင်း နှင့် လည်ပင်းတို့ ဖြစ်ကြ၏။ ဖော်ပြပါ အသက်အရွယ်ကြောင့်မဟုတ်ဘဲ ကျမ္မာရေးပြသနာတစ်ခုခု၏ ဘေးထွက်ဆိုးကျိုးများကြောင့်လည်း အသားပိုထွက်လာနိုင်ပါတယ်။ ထိုသူများကတော့ အ၀လွန်သူများ၊ ကိုယ်ဝန်ဆောင်မိခင် လောင်းများ၊ ဆီးချိုဝေဒနာသည်များ၊ human papilloma virus(ခေါ်)HPV ကူးစက်ရောဂါရှိသူများ၊ ဟိုမုန်းအားတိုးဆေးမှီဝဲ သူများ… စသည်တို့ ဖြစ်ကြသည်။အိမ်တွင်းသဘာဝကုထုံးဖြင့် အသားပိုဖယ်ရှားနည်း။အရေပြားကျွမ်းကျင်သူများ၏ အဆိုအမိန့် အရ၊ အသားပိုထွက်ရုံလောက်က ဘာပြသနာမှမဖြစ်နိုင်လို့ စိုးရိမ်ထိတ်လန့် ဖွယ် မလိုပါ။

သို့ သော် အသားစိုင်ကလေးကိုဆောင့်မိတိုက်မိ၍ မကြာခဏရောင်ရမ်းခြင်း(သို့ မဟုတ်)အသားစပဲ့ထွက်ခြင်း(သို့ မ ဟုတ်) မကြာခဏသွေးယိုစီးကျလာခဲ့ရင်ဖြင့် ၄င်းကိုဖယ်ရှားလိုက်တာ အကောင်းဆုံးပါဘဲတဲ့။ အသားပိုကို duct tape (ခေါ်) အသားကပ်တိပ်ပြားဖြင့် ကပ်၍ဖြတ်ထုတ်ခြင်းက အခန့် မသင့်ရင်သွေးထွက်နာကျင်စသေလို၊ compressed air (ခေါ်) အသား စိုင်ကိုအေးခဲစေပြီး တစ်ရှုးများသေသွားအာင်လေစုပ်နည်းကလည်း နည်းမှန်စွာမလုပ်တတ်ရင် နာကျင်ရောင်ကိုင်းလာစေလို့ ၊ အောက်ပါ အိမ်တွင်းကုထုံးလေးများဖြင့် စမ်းသပ်ကြည့်စေလိုပါတယ်။

(၁) လ္ဘက်စိမ်းဆီဟာ အရေပြားရောဂါများအတွက်မရှိမဖြစ်လိုအပ်သလို၊ အသားပိုအတွက်လည်း အကောင်းဆုံးအိမ်တွင်းသ မားတော်လေးပါ။ ဦးစွာအသားပိုကို သန့် စင်ဆေးကြောပါ။ ဂွမ်းစကို ရေဆေး၍စင်အောင်ရေညှစ်ထုတ်ပြီး၊ လ္ဘက်စိမ်းဆီ ၃-စက် လောက်အစက်ချ၍ အရေပြားနဲ့ ထိကပ်နေသောအသားပိုအောက်ခြေကို ပြုတ်ထွက်လုမတတ် စက်ဝိုင်းပုံသဏ္ဍာန်ပွတ်လိမ်းပေး ပါ။ တနေ့  ၂-ကြိမ်ကျ လိမ်းပေးရုံမျှဖြင့် ရက်သတ္တ ၄-ပိတ်ခန့်အကြာမှာ အသားစိုင်တဖြည်းဖြည်းပျောက်ကွယ်သွားပါလိမ့်မယ်။

(၂) သံပုရာရည်ထဲမှာ အသားပိုထဲရှိဆဲလ်များကို ပြိုကွဲစေတဲ့အစွမ်းသတ္တိပါရှိပါတယ်။ ဂွမ်းလုံးလေးကိုသံပုရာရည်ထဲနှစ်စိမ်ပြီး၊ အသားပိုပေါ်လိမ်းပါ၊ သံပုရာရည်ခြောက်သွားတိုင်း မကြာခဏ ထပ်လိမ်းပေးပါ။ များမကြာမီကာလအတွင်း အသားပိုခြောက်ပြီး သူ့ အလိုလိုကြွေကျသွားပါလိမ့်မယ်။

(၃) ဌက်ပျောခွံကို အသားပိုဖုံးအုပ်နိုင်လောက်တဲ့ အရွယ်အစားထိရအောင်လိုသလို လှီးဖြတ်ပါ။ ပြီးရင် ဌက်ပျောခွံအတွင်းပိုင်းနဲ့  အသားပိုတစ်ခုလုံးကို တညဖုံးအုပ်၍အိပ်ပါ။ အသားပိုအရွယ်အစား အကြီးသေးပေါ်မူတည်ကာ ရက်အနည်းငယ်ခန့် အကြာ

သူ့ အလိုလိုကြွေကျသွားပါလိမ့်မယ်။
(၄) သွားကြားသန့် ရှင်းရန်သုံးသည့်ချည်မျှင်ကို အရေပြားနဲ့ ကပ်နေသောအသားပိုအောက်ခြေမှ တင်းနိုင်သမျှတင်းကြပ်နေ အောင် ၂၄-နာရီစည်းနှောင်၍သွေးမလျှောက်အောင် အသားပိုကိုသတ်တဲ့နည်းကလည်း အသုံးဝင်လှပါတယ်။ ထိုသို့ စည်းနှောင် ထားစဉ် ၂-ပတ်ခန့် အကြာမှာ အသားပိုအရွယ်အစားကျုံ့ သေးသွားပြီး၊ ၃-ပတ်လောက်အကြာမှာတော့ အသားပိုခြောက်သွားပါ တယ်။ ထိုအခါ ညှပ်ထုတ်ခြင်း (သို့ မဟုတ်) သူ့ အလိုလိုကြွေကျသွားပါလိမ့်မယ်။
(၅) ကြက်ဆူဆီကို ဆော်ဒါမှုန့် ဖြင့် ပျစ်နေအောင်ရောနယ်ပြီး၊ အသားပိုပေါ်လိမ်းကျံ၍ ပိတ်တီးစည်းပြီးအိပ်ပါ။ နံက်ရောက်တဲ့ အခါ ပတ်တီးဖြေ၍ရေနွေးဖြင့်သန့် စင်ပါ။ အသားပိုကြွေမကျမချင်းညအိပ်ယာဝင်ခါနီးတိုင်း ၁-ပတ်(သို့ မဟုတ်)၁၀-ရက်ခန့် ကြာ အောင် လိမ်းအိပ်ပါ။
(၆) ပန်းသီးဖြင့်လုပ်ထားတဲ့ရှာလကာရည်က အရေပြားပေါ်ရှိ ၀က်ခြံနှင့် ပိုးမွှားကိုက်ခဲခြင်းတို့ အတွက် အသုံးတည့်ရုံမျှမက၊ အ သားပို ဖယ်ရှားရန်အတွက်လည်းအသုံးဝင်ပါတယ်။ ဦးစွာအသားပို ကိုဆပ်ပြာ ရည်ဖြင့်သန့် စင်အောင်ဆေးကြော၍ ရေခြောက် အောင်သုတ်ပြီးနောက်၊ ဂွမ်းလုံးလေးကို ပန်းသီး ရှာလကာရည်မှာနှစ်စိမ်ပြီး ဂွမ်းလုံးလေးကိုစက်ဝိုင်းပုံသဏ္ဌာန်လှိမ့်၍ အသားပိုမှာ ပွတ်လိမ်းပေးပါ။တလခန့် အကြာ အသားပိုကြွေကျသွားပါလိမ့်မယ်။
(၇) ကြက်သွန်နီကိုအတုံးတုံးပြီး၊ ဆားရည်ခွက်ထဲမှာတနေကုန်စိမ်ထားပါ။ ညအိပ်ခါနီး ထိုကြက်သွန်နီဆားရောသတ္တုရည်ကို အသားပိုပေါ်လိမ်း၊ ပတ်တီးစည်းပေးပြီး နံက်ရောက်တဲ့အခါ ရေနွေးဖြင့် သန့့်စင်ပါ။ ထိုနည်းအတိုင်း ညစဉ်ရက်ဆက် ရက်သတ္တ ၁-ပတ်မျှ လုပ်ပေးပါ။
(၈) တစ်နေ့  ၂ကြိမ်/၃ကြိမ်ကျ နာနတ်သီးသတ္တုရည်ဖြင့်အသားပိုကို လိမ်းပေးပြီးနောက် ရေလုံးဝမဆေးပါနှင့်။ တစ်ပတ် (သို့ မ ဟုတ်) ဆယ်ရက်ခန့် အကြာမှာတော့ အသားပိုကြွေကျသွားပါလိမ့်မယ်။
(၉) ကြက်သွန်ဖြူထောင်းချေပြီးနောက် ရရှိလာသောသတ္တုရည်နှင့်အနှစ်တို့ ကို အသားပိုပေါ်သုတ်လိမ်းပြီး ပတ်တီးစည်းနှောင် ထားပါ။ ထိုကဲ့သို့ တစ်နေ့  ၃-ကြိမ်မှန်မှန်လိမ်း၍ ပတ်တီးအသစ်လဲလှယ်ပေးပါ။
(၁၀) ရှားစောင်းလက်ပပ်က အရေပြားရောဂါအမျိုးမျိုးအတွက် လွန်စွာအသုံးတဲ့လို့ ရှားစောင်းလက်ပပ်ဂျယ်လီကို အသားပိုပေါ် နေ့ စဉ်နေ့ တိုင်းလိမ်းပေးပါ။
(၁၁) အသားပိုတစ်ခုလုံးဖုံးအုပ်သွားအောင် လက်သည်းဆိုးဆေးဖြင့်ဆိုးပေးပါ။ လက်သည်းဆိုးဆေးခြောက် သွားတဲ့အခါ ထပ်၍ ဆိုးပေးပါ။ ဤနည်းအတိုင်း တနေ့ ကို ၃-ကြိမ်ဆိုးပေးခြင်းဖြင့် ရက်အနည်းငယ် အကြာမှာ အသားပိုလုံးကြီးရာမှသေး/သေးရာမှ ချပ်သွားစေပါတယ်။
(၁၂) ဗီတာမင်အီး အိမ်သုံးဆေးဝါးကလည်း အသုံးတည့်လှပါတယ်။ ဗီတာမင်အီးကို ကြက်သွန်ဖြူ/ကြက်သွန်မြိတ်တို့ ဖြင့် ရော ထောင်းပြီး တညလုံးလုံး အသားပိုပေါ်ကပ်၍အိပ်ပါ။ ဤကဲ့သို့ ညစဉ်ကပ် အိပ်ပြီး ၂-ပတ်ခန့် အကြာမှာတော့ အသားပိုက သူ့ အ လိုလို ပျောက်သွားပါလိမ့်မယ်။
(၁၃) ဂျင်းကိုခပ်ပါးပါး အပြားလေးလှီးပြီး၊ ပွတ်တိုက်ပေးခြင်းဖြင့် ရက်သတ္တတ် ၂-ပတ်အကြာ အသားပိုကြွေ ကျသွားပါလိမ့်မယ်။
  အကယ်၍ အထက်ပါအိမ်တွင်းကုထုံးအသုံးပြုနေစဉ်ကာလအတွင်း အသားစိုင်သေးမသွားဘဲ၊ ပိုကြီးလာခြင်း၊ အရောင်ပြောင်း၍ လွန်စွာနာကျင်ကိုက်ခဲခြင်း၊ မျက်ခွံပေါ်တွင် အသားပိုလုံးများ ပိုမိုပွားများလာခြင်းရှိခဲ့ပါလျှင် အချိန်မဆွဲပါနှင့်။ အရေပြားဆရာဝန် ဖြင့် အမြန်ဆုံးဆေးဝါး ကုသမှုခံယူသင့်ပါတယ်။
(ပေါက်ပေါက်….မျှဝေသည်)

ချွေးပေါက်ကျဉ်းပြီး တင်းရင်းတဲ့အသားအရေဖြစ်စေဖို့


သင့်ချွေးပေါက်တွေဟာ မှန်ဘီလူးအောက်ရောက်နေသလို ကျယ်နေလို့ စိတ်ညစ်နေလား??? စိတ်မညစ်ပါနဲ့။ ချွေးပေါက်ကျဉ်းစေတဲ့ လွယ်ကူတဲ့နည်းလေးတွေရှိပါတယ်။ ချွေးပေါက်လေးတွေ ပြန်ကျဉ်းအောင်က အပေါ်က ချွေးပေါက်ကျယ်စေတဲ့အကြောင်းတွေကိုလည်း သတိထားရပါမယ်။
ပြီးတော့ ချွေးပေါက်လေးတွေ ကျဉ်းသွားအောင် လုပ်ဆောင်ရမှာတွေကို ပြောပြပေးမယ်နော်။

အသားအရေထိန်းသိမ်းမယ်

- အဆီပိုတွေနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်တွေပိုကျယ်လာစေပြီး ၀က်ခြံတွေလည်း ဖြစ်စေတော့ အသားအရေကို သေချာသန့်စင်ပေးဖို့ အရေးကြီးတယ်နော်။
- တစ်ရက်ကို ၂ ကြိမ် ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ Facial Cleanser နဲ့ မျက်နှာသစ်ပေးပါ။
- ညဘက် ဘယ်လောက်ပဲအိပ်ချင်နေပါစေ မိတ်ကပ်တွေဖျက်ပြီးမှ အိပ်ပါ။
- မျက်နှာသစ်ပြီးတိုင်း Toner သုံးပေးရမယ်နော်။
- ဗီတာမင်စီပါတဲ့ ခရမ်တွေကို လိမ်းပေးရင်လည်း အသားအရေကို သန့်စင်စေသလို အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးလို့ ချွေးပေါက်တွေကျဉ်းစေဖို့ အထောက်အကူ ပေးပါတယ်။
- ဆဲလ်အသေတွေကို သေချာဖယ်ရှားနိုင်ဖို့ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် Scrud နဲ့ မျက်နှာချေးချွတ်ပါ။
- တစ်ပတ်ကိုတစ်ကြိမ် မျက်နှာပေါင်းတင်ပေးဖို့လည်း မမေ့ပါနဲ့။ ချွေးပေါက်တွေကို သန့်စင်စေတဲ့ မျက်နှာပေါင်းတင်ကပ်ခွာ (Pore refining mark) ကို သုံးပေးတာပိုကောင်းပါတယ်နော်။
- Alpha Hydroxy Acid (AHA) 10% ပါတဲ့ လိမ်းဆေးတွေကို သုံးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။


Wednesday, December 4, 2013

လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ

===============================

(1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက် ရှင်နေနိုင်ပါသေးတယ်။ အစာအိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ရာခိုင်နှုန်း၊ ကျောက်ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ် အပိုင်းတွေ မရှိရင်တောင်.. လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အသက်ရှင် နေနိုင် ပါသေးတယ် ။

(2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားကလျှာဖြစ်ပြီးအမာကျောဆုံး အရိုးကတော့ မေးရိုးပါ

(3) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့လေးပုံတစ်ပုံမျှရှိပြီး အရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်
(4) ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း 500,000 ခန့်ရှိပြီးအဲဒီချွေးဂလင်းတွေ က တစ်နေ့ကိုချွေး (1)ပိုင့် မက ထုတ်လုပ်ပါတယ်။



Tuesday, December 3, 2013

MP3 သုံး၍ သီချင်းတစ်နာရီ နားထောင်ရုံဖြင့် အကြားအာရုံပျက်စီးနိုင်

MP3 ဖြင့် တစ်နာရီ (သို့မဟုတ်) တစ်နာရီထက်ကျော်ပြီး သီချင်းနားထောင်ရုံဖြင့် ရေရှည်တွင် အကြားအာရုံပျက်စီးနိုင်ကြောင်း ဘယ်လ်ဂျီယံရှိ Ghent တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာမှုတစ်ရပ်အရ သိရသည်။

MP3 ဖြင့် သီချင်းနားထောင်ခြင်းသည် ရေရှည်တွင် အကြားအာရုံပျက်စီးစေကြောင်း၊ အချိန်တိုအတွင်း အသံပြောင်းလဲမှုကြောင့် နားထဲရှိ အမွေးအမှင်ဆဲလ်များအတွင်း လှုံ့ဆော်မှု အလွန်အကျွံဖြစ်ပေါ်ကြောင်း လေ့လာမှုတွင် ဖော်ပြခဲ့သည်။MP3 ကို နားကြပ်တပ်ပြီး အသံကျယ်ကျယ်နားထောင်ခြင်းသည် အကြားအာရုံပျက်စီးနိုင်သည်ဟု သုတေသနပညာရှင်များ၏ သတိပေးချက်ထုတ် ပြန်ခဲ့ပြီးနောက် အသက် ၁၉ နှစ်မှ ၂၈ နှစ်အကြား လူငယ် ၆၀ ကို လေ့လာခဲ့ခြင်းဖြစ်သည်။ MP3 ဖြင့် ပေါ့ပ်နှင့်ရော့ခ်ဂီတများကို တစ်နာရီခန့် နားထောင်စေပြီး အသံအတိုးအကျယ် ပြုလုပ်ကာ သီချင်းနားမထောင်မီနှင့် နားထောင်ပြီးနောက်ပိုင်း အကြားအာရုံများကို စစ်ဆေးခဲ့သည်။

သုတေသနအဖွဲ့ခေါင်းဆောင် ဟန်နာကမ်ပလာက'' လွန်ကဲတဲ့အသံ ဆူညံမှုတွေဟာ အကြားအာရုံ ဆုံးရှုံးနိုင်တယ်ဆိုတာ ကောင်းကောင်းသိလောက်ပါပြီ။ သယ်ရလွယ်တဲ့ မီဒီယာပလေယာတွေ နားထောင်ပြီးတဲ့နောက်ပိုင်း အကြားအာရုံယိုယွင်းမှုတွေ ဖြစ်လာတယ်''ဟု ပြောကြားခဲ့သည်။ ဥရောပနိုင်ငံများနှင့် အမေရိကန်မှ လူငယ် ၉၀ ရာခိုင်နှုန်းသည် MP3 ဖြင့် အမြင့်ဆုံးအသံနှုန်းဖြင့် တစ်နေ့လျှင် နာရီပေါင်းများစွာ သီချင်းနားထောင်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် ဆေးလိပ်ကြောင့် ၈ စက္ကန်တွင် တစ်ဦးသေ

စစ်တမ်းကောက်ယူမှုအရ  ၈ စက္ကန့်မှာ တစ်ဦးနှုန်း သေနေတာက အသည်း နဲ့ အရေအပြား ကင်ဆာရောဂါကြောင့် ဖြစ်ပြီး ယင်းရောဂါရဲ့  ဇစ်မြစ် က ဆေးလိပ်သောက်သုံးခြင်း ဖြစ်ပါတယ်။
ကင်ဆာရောဂါဖြစ်ပြီး သေဆုံးတဲ့ အမျိုးသား ၉၀ ရာခိုင်နှုန်း ဟာ ဆေး လိပ်ကြောင့် ဖြစ်ပြီး အနောက်တိုင်းမှာဆိုရင် အမျိုးသမီး ၄၀ ရာခိုင်နှန်း ဖြစ် ပါတယ်။ ဆေးလိပ်သောက်တဲ့ သက်တမ်း ၁၀ နှစ်မှ ၁၅ နှစ်ကြားအထိ ရှိလာပြီဆိုရင် ကင်ဆာဖြစ်ဖို့ လုံလောက်တဲ့အချိန်လို့ ဆိုပါတယ်။
ဆေးလိပ်သောက်သုံးသူ ကိုယ်တိုင်မဟုတ်ပေမယ့် ဆေးလိပ်ငွေ့ ပုံမှန်ရှူ ရှိုက်နေရတဲ့ သူများလည်း ကင်ဆာရောဂါဖြစ်နိုင်ချေ အလားအလာက ပုံမှန်သောက်သုံးသူနဲ့ ကွာခြားမှု သိပ်မရှိကြောင်းလဲ သိရပါတယ်။

ဆရာဝန်နှင့် တွေ့ဆုံချိန်တွင် သိထားသင့်သော အချက် (၇)ချက်


ဆရာဝန်နှင့် တွေ့ ဆုံချိန်တွင် သိထားသင့်သော အချက် ခုနစ်ချက်                      
  ဆေးကုသမှု ပြုလုပ်တဲ့အခါ အဆင်ပြေ အောင်မြင်စေဖို့အတွက် လူနာတွေ အနေနဲ့ သိထားသင့်တဲ့ အချက်တွေ ရှိပါ တယ်။                                                                                                                                                                     
 (၁)မြင်ခဲ့၊ကြားခဲ့သမျှ မေ့လိုက်ပါ                                                                                                                                                   “ဒီလို စမ်းသပ်လိုက်ရင် ကောင်းတယ်လို့ သူများတွေက ပြောကြတယ်၊” “ဒီစစ်ဆေးမှုကို သူများတွေ လုပ်တာ မြင်ခဲ့ တယ်”၊“ဒီဆေးသောက်ရင် ကောင်းတယ်လို့ ပြောကြလို့ ”စတဲ့ အချက်တွေကို လူနာ အများစုက ဆရာဝန်နဲ့ တွေ့ ဆုံခိုက်မှာ ပြောပြလေ့ ရှိပါတယ်။တကယ်တော့ ဆရာဝန်တွေက သင့် ကျန်းမာရေး အခြေအနေကို စမ်းသပ်ပြီး လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ကာ သင့်တော်တဲ့ ကုသမှုကို ပေးမှာ ဖြစ်ပါတယ်။ဒါကြောင့် ဆေးပညာ အကြောင်း နားလည်တတ် ကျွမ်းမှု မရှိ သူတွေ ပြောတဲ့ စကားကို မေ့ပစ်လိုက် သင့်ပါတယ်။                                                                                                           
 (၂)အမွေးရှိနေတဲ့ ခြေသလုံးအတွက်မစိုးရိမ်ပါနဲ့                                                                                                                          လူနာ အများစုဟာ ခြေသလုံးမှာ အမွေးတွေ ရှိနေတာကြောင့် ခြေသဲဝဲ စားတာ၊ခြေထောက် အနာ စတဲ့ အခြေအနေကို ဆရာဝန်နဲ့ တွေ့ ဆုံ ဆွေးနွေး ရမှာကို ရှက်ရွံ့  စိုးရိမ် လေ့ ရှိကြပါတယ်။ တကယ်တော့ ဆရာဝန်တွေက သင့် အရေပြား အနာကိုသာ အာရုံစိုက်နေမှာ ဖြစ်တာကြောင့် ခြေသလုံး အမွေးတွေ အတွက်စိုးရိမ် ပူပန်စိတ် မထားပါနဲ့ ။                                                           

သင့်ကိုယ်သင် မြှင့်တင်ပါ

ခင်ဗျားဟာ ဖုန်းအသစ်လဲရာမှာ ခြေအိတ်အသစ်လဲတာထက် အကြိမ်တွေ များချင်များမယ်။ ပြီးတော့ ကွန်ပျူတာကိုလည်း တနှစ်တခါလောက် အဆင့်မြှင့်ချင်မြှင့်မယ်။ အဝတ်ဗီရိုကိုလည်း ရာသီအလိုက် အမျိုးမျိုးပြင်မယ်။ ဒါ့အပြင် ခင်ဗျားစီးနေတဲ့ ကားကိုလည်း ပိုကောင်းမယ်ထင်တဲ့ကားနဲ့ အလိုက်ပေးပြီး ၄-၅ နှစ် တခါလောက် လဲချင်လဲလိုက်ဦးမယ်။ ဒါပေမဲ့ မေးချင်ပါတယ်။ ခင်ဗျားကိုယ် ခင်ဗျားတော့ ယိုယွင်းကျဆင်းလာနေတာတွေကို ပြန်တက်လာအောင် ဆိုပြီး ဘယ်တုန်းကများ လုပ်ခဲ့ဖူးပါသလဲ။

အဲဒီလို ကိုယ့်ကိုယ်ကိုယ် ဦးခေါင်းမှ ခြေဖျားအထိ ဒီနှစ်မှာတော့ ပိုပြီး ကျန်းမာအောင် ချမ်းသာအောင်နဲ့ ပညာဉာဏ်တွေ တက်လာအောင် လုပ်ချင်ရင်လုပ်နိုင်စေမယ့် နည်းလမ်းကလေးတွေကို ဖတ်ကြည့်ပါ။ လုပ်လည်းလုပ်ကြည့်ပါ။ 

အသက်ပိုရှည်စေဖို့---
ကမ္ဘာတဝန်းမှာ လူ့သက်တမ်းဟာ ပျမ်းမျှအားဖြင့် ၆၇-နှစ်သာ ရှိပါတယ်။ ဒါပေမဲ့ မကြာခင်မှာ အသက်တွေ ပိုပြီး ရှည်ရှည်နေနိုင်လာမယ့် အလားအလာတွေ ရှိနေပါတယ်။ အသက် ၁၅၀-ရောက်တဲ့အထိ ယိုင်ယဲ့ယဲ့နဲ့ မေ့မေ့လျော့လျော့တွေ မဖြစ်ဘဲ နေနိုင်ကြမယ့် အလားအလာတွေလည်း ရှိနေပါတယ်။ ဒါဟာ နိုးနိုးကြားကြားနဲ့ သွက်သွက်လက်လက် လှုပ်ရှားပြီး နေနိုင်ကြမှာပါ။ ဒီသဘောကို “အသက်ကြီးရင့်မှုဆိုင်ရာ အဖွဲ့ကြီး”ရဲ့ သုတေသနပညာရှင်ဖြစ်သူ ဂျော့(ခ်ျ)၊ အက်စရော့(သ်) (George S. Roth)က ပြောပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျန်းမာချမ်းသာစွာနဲ့ ပိုပြီး အသက်ရှည်ရှည်
နေသွားနိုင်စေမယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ရင်အုံဖြိုးမောက် မြင်သူကျလောက် (ယောက်ျားများအတွက်သာ)

ယောက်ျားဆိုတာ ကျားကျား လျားလျားနဲ့ ယောက်ျားပီသတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ထားမှသာ ကြည့်ကောင်းရှုကောင်းပြီး လူအမြင် တင့်တယ်စေမှာ ဖြစ်တယ်။ အခုခေတ်ကြီးမှာ မိန်းမဆန်တဲ့ ယောက်ျား တွေမြင်တွေ့လာရတာ ယောက်ျားတို့အနေနဲ့ ဂုဏ်ယူစရာ တစ်ရပ် မဟုတ်ပါဘူး။ မော်ဒယ်လုပ်မလို့ပဲဖြစ်ဖြစ်၊ ကာယလေ့ကျင့်ခန်း လုပ်ရတာ ဝါသနာပါလို့ပဲဖြစ်ဖြစ် အားကစားဆိုတာ လိုက်စားသင့်တဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ ဆရာကြီးကျောက်ဘီလူး တင်မောင်ဆွေ
တစ်ခါက ပြောဖူးတာက “ကာယ လေ့ကျင့်ခန်းတွေဟာ တခြား အားကစား နည်းတွေထက် အသက်ကြီးလာရင် လူကိုပိုအကျိုး ရှိစေတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်မှာ ထင်ကျန်နေခဲ့လို့ပဲ ဖြစ်တယ်” လို့ပြောဖူးတယ်။
ရင်အုံကြွက်သားမောက်လာအောင် လုပ်ဆောင်ခြင်း
မိန်းမတွေ ယောက်ျားတွေကို အရင်ဆုံးလေ့ကြည့်လေ့ရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းက အပေါ်ပိုင်း ခန္ဓာကိုယ် ကြွက်သားတွေကိုပဲ ဖြစ်တယ်။ ယောက်ျားတွေရဲ့ ရင်ခွင်ဟာ မိန်းမတို့ရဲ့ ခိုဝင်မှေးစက်ရာ နေရာဖြစ် သလို ဆော့ကစားရာ နေရာလည်းဖြစ်တယ်။ မိန်းမတွေရဲ့ အားကိုး ယုံကြည်မှုကို ပေးစွမ်းစေနိုင်တဲ့ နေရာလည်းဖြစ်တယ်။ ရင်အုံ ကြွက်သားတက်ဖို့ လုပ်ဆောင်နိုင်တဲ လေ့ကျင့်ခန်း သုံးမျိုးရှိတယ်။ ဝိတ်မတဲ့နည်း (Bench Press) ဒိုက်ထိုးတဲ့ ကိရိယာလွတ် လေ့ကျင့်နည်း (T-Press-up) ကြိုးဆွဲလေ့ကျင့်နည်း (Cable crossover Fly) တို့ပဲဖြစ်တယ်။

Sunday, December 1, 2013

နုပျိုလိုသူတိုင်း ရှောင်သင့်သော အစားအသောက် သုံးမျိုး

နုပျိုလိုသူတိုင်း ရှောင်သင့်သော အစားအသောက် သုံးမျိုးနှစ်အတော်ကြာ မတွေ့ဖြစ်တဲ့ သူငယ်ချင်း တွေနဲ့ ပြန်ဆုံတဲ့ အခါ " အရင်အတိုင်း နုတယ်နော် " လို့ အပြောခံချင် ပါသလား။ ဒီလို နုပျိုတယ် ဆိုရင် နေ့စဉ် သင်စားတဲ့ အစားအသောက် တွေကို ဆန်းစစ်ကြည့်ပါ။ သင်စားတဲ့ အစားအသောက်တွေမှာ ပါတဲ့ အာဟာရ ဓာတ်တွေက သင့်အသားအရေကို ကြည့်ကောင်း စေသလို သင်စားတဲ့ အစားအသောက်တွေက ကျန်းမာရေးနဲ့ မညီညွတ်ရင် သင့်အသားရေ ကို အိုမင်းစေ ပါတယ်။ သင့်အသားအရေ အတွက် အဓိက ရှောင်ရှား သင့်တဲ့ အစားအသောက်တွေကို ဖော်ပြလိုက် ပါတယ်။
(၁) သကြား
သကြားနဲ့ အခွံချွတ်ထားတဲ့ ကာဗိုဟိုက်ဒရိတ် စာတွေက သွေးတွင်းဂလူးကို့စ်အဆင့်ကို မြင့်တက် စေပါတယ်။ အဲဒီအခါ အသားအရေ တင်းရင်းစေတဲ့ ကော်လာဂျင်နဲ့ အသားအရေ ဆွဲဆန့်မှုကောင်းစေ တဲ့ အီလက်စတင်တို့ကို ပြန်လည်ပြုပြင်နိုင်စွမ်း လျော့ကျသွားပါတော့တယ်။ ဒါကြောင့် သကြားများ များစားရင် အရေပြားလျော့တွဲအိုမင်းလွယ်စေတာ ဖြစ်ပါတယ်။
(၂) ပြည့်ဝဆီ
ပြည့်ဝဆီတွေကို များများစားတာကြောင့် အရေ ပြားကို ရောင်ရမ်းစေပြီး အိုမင်းလွယ်စေပါတယ်။ အဆီများတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ပြီး အဆီထုတ်ထားတဲ့ အမျိုးအစားကို ရွေးချယ်သောက် သုံးသင့်ပါတယ်။
(၃) အယ်လ်ကိုဟော
ရက်စ်ဗာရထရောဓာတ် ပါတဲ့ ဝိုင်နီက လွဲရင် တခြားအယ်လ်ကိုဟော တွေက အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက အသား အရေကို ခြောက်သွေ့စေပြီး အရေပြားရဲ့ ရန်သူဖြစ် တဲ့ ဖရီးရယ်ဒီကယ် ထွက်ရှိစေပါတယ်။ ဒါကြောင့် အသားအရေ အမို င်း လယွေ် စတာပါ။ 

အင်တာနက်နှင့် အထီးကျန်ရောဂါ

dogအမေရိကန်ပြည်ထောင်စု၊ Carnegie Mellon University မှ နှစ်နှစ်ကြာ စော့င်ကြည့်လေ့လာထားမှုမှ သိရှိရသော တွေ့ရှိချက် ဖြစ် ပါတယ်။ အင်တာနက် ပုံမှန် အသုံးပြုနေသူများဟာ သာမန်လူများထက် စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုများ ပိုမို ဖြစ်ပေါ်နိုင်ကြောင်း ဖြစ်ပါတယ်။
 အီးမေးလ်၊ ဖေ့်ဘွတ်၊ တွစ်တာ၊ ဂျီတော့ အစရှိတဲ့ Social Network တို့ကို ဘယ်လောက်ပဲ အသုံးပြုပါစေ အပြင်လောကက လူမူဆက်ဆံရေးလောက် နီးစပ်မှု မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အင်တာနက်နဲ့ ဆက်စပ် အလုပ် များ လုပ်ကိုင်နေရသူတွေကို အပြင်လောက်နဲ့ အဆက်အသွယ် မပြတ်စေဖို့ အကြံပေးထားပါတယ်။ အားလပ်ရက်သီးသန့်ထားပြီး အပြင်က မိတ်ဆွေ အပေါင်းအသင်း၊ ဆွေမျိုး မိတ်သင်္ဂဟများနဲ့ နွေးထွေးစွာ ပြောဆို ဆက်ဆံ၊ သွားလာစေဖို့ ဖြစ်ပါတယ်။
ယနေ့ စိတ်ကျရောဂါနဲ့ ဆက်စပ်ရောဂါဝေဒနာ ခံစားရမှုထဲမှာ အင်တာနက် ပုံမှန်အသုံးပြုသူ ဦးရေ ပိုမိုပါဝင်လာကြောင်း သိရပါတယ်။

နေ့စဉ် အသားအရေ ထိန်းသိမ်းရာတွင် ပါဝင်သော ပစ္စည်းတို့၏ အကျိုးကျေးဇူးများ

နေ့စဉ် အသားအရေ ထိန်းသိမ်းရာတွင် ပါဝင်သော ပစ္စည်းတို့၏ အကျိုးကျေးဇူးများToner
မျက်နှာသန့်စင်ပြီးချိန်မှာ လိမ်းရတဲ့ တိုနာရည်ဟာ အရေပြားရဲ့ သဘာဝ pH ဓာတ်ကို ထိန်းပေးပါတယ်။ တချို့သန့်စင် ဆေးတွေကြောင့် အရေပြားရဲ့ pH မျှခြေ ပျက်ပြယ်သွားပြီး အသားအရေ ခြောက်သွေ့တာနဲ့ မာတင်းတာတို့ ဖြစ် တတ်ပါတယ်။ တိုနာရည်ဟာ အသား အရေကို အစိုဓာတ်ပြန်ဖြည့်ပေးပြီး အ သားအရေကို စိုပြည်နူးညံ့ချောမွေ့စေပါ တယ်။
 Moisturizer
အစိုဓာတ်ထိန်းခရင်မ်ဟာ အရေး ကြောင်းနဲ့ အသားအရေ ခြောက်သွေ့ ကြမ်းတမ်းမှု မဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။ အစိုဓာတ်ထိန်းခရင်မ်ကို မှန် မှန် လိမ်းတာကြောင့် အသားအရေ နုပျို စိုပြည်စေပြီး မိတ်ကပ်လိမ်းရ လွယ်ကူ စေပါတယ်။
Day Cream
အများအားဖြင့် နေ့လိမ်းခရင်မ် တွေမှာ ခရမ်းလွန်ရောင်ခြည်ကို ကာ ကွယ်နိုင်တဲ့ အရာတွေ ထည့်သွင်းထားပါ တယ်။ အင်တီအောက်ဆီးဒင့်ပါတဲ့ နေ့ လိမ်းခရင်မ်က ဖုန်မှုန့်တွေ၊ ညစ်ညမ်းတဲ့ လေထုနဲ့ ဓာတုပစ္စည်းတွေကြောင့် အသား အရေထိခိုက်မှု မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။